သတင်းများ

ညောင်တုန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးစပါးရာသီ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
May 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ မိုးစပါးရာသီ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်း ကွင်းသရုပ်ပြကို ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က ဇီးဖြူကျွန်းကျေးရွာ၊ ကွင်းအမှတ်(၃၇၉)၊ ဦးပိုင်အမှတ်(၁၀၂/၁)ရှိ တောင်သူ ဦးစိုးမြင့်နွယ်၏ လယ်မြေ(၁၀)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။
သထုံမြို့နယ် ဒုံသမိမြစ်အတွင်း ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးစိုက်ထည့်
May 30,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ငါးသယံဇာတ‌များတိုးပွားပြီး ဒေသတွင်းငါးစားသုံးမှုဖူလုံရေးအတွက် ယမန်နေ့နံနက်က ငါးလုပ်ငန်းဦးစီးဌာနမှ ဒူးရင်းဆိပ်ကျေးရွာရှိ ဒုံသမိမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေစုစု‌ပေါင်းတစ်သိန်းခွဲကို မျိုးစိုက်ထည့်ပေးခဲ့ကြသည်။
ပေါက်ခေါင်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ
May 30,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီ အချိန်က အထက (ပေါက်ခေါင်း) ရွှေရတုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
လားရှိုးခရိုင်နှင့် ကျောက်မဲခရိုင်အတွင်းရှိ မြို့နယ်များမှ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူ (၄၅၆၆)ဦး တို့အတွက်နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်
May 30,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်နှင့် ကျောက်မဲခရိုင်အတွင်းရှိ လားရှိုး၊သိန္နီ၊ တန့်ယန်း၊ မိုင်းရယ်၊ ကွမ်းလုံ၊ သီပေါ၊ ကျောက်မဲမြို့နယ်များမှ ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများ စုစုပေါင်း (၄၅၆၆)ဦးတို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီခွဲက လားရှိုးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဒေးဒရဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
May 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျန်းမာရေးဦးစီးဌာနက ဦးဆောင်၍ မြို့ပေါ်နှင့် ကျေးရွာဒေသများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းသွားရောက်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သဲကုန်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပန်းရံသင်တန်းဆင်းပွဲ ပြုလုပ်
May 30,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အသက်မွေးဝမ်းကျောင်း အတတ်ပညာများတတ်မြောက်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန် အထောက်အကူပြု စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော အခြေခံပန်းရံသင်တန်း ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
May 30,2022
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာန၏ စီစဉ်မှုဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန် လျှော့ချနိုင်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၈ နာရီအချိန်က အင်္ဂပူမြို့နယ်၊ တောင်မြန်အောင် တိုးချဲ့ကြိုးဝိုင်း၊ အကွက်အမှတ်(၁၅)တွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
May 30,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်း အုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က ရမ်းဗြဲမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ပညာကျော်ခန်းမ၌ ကျင်းပခဲ့သည်။