ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဒူးရင်းသီးများ စတင်လှိုင်လှိုင်ထွက်ရှိ
May 30,2022
စားသုံးမှုများပြီး လူကြိုက်များသည့် ရာသီပေါ်အစားအစာ နှစ်ရှည်ပင်သီးနှံဒူးရင်းသီးသည် ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ယခုမိုးဦးကျကာလ၌ စတင်၍လှိုင်လှိုင်ထွက်ရှိကြောင်း သိရသည်။ အဆိုပါနှစ်ရှည်သီးနှံပင် ဒူးရင်း ပင်သည် ရာသီဥတုနှင့်သဘာဝတောတောင် ရေမြေအနေအထားအရ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သ ဘာဝအတိုင်း တောတောင်ခြံမြေများ၌ ရှင်သန်ဖြစ်ထွန်းလျက်ရှိပြီး နှစ်စဉ်ဒူးရင်းသီး သီးနှံပေါ်ချိန်တွင် ဒေသခံဒူးရင်းခြံရှင်တောင်သူများဝင်ငွေများစွာရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။