သတင်းများ

လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် အဆင့်မြင့်ဂျူဒိုသင်တန်းဆင်းပွဲ ကျင်းပ
May 29,2022
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)လူထုအခြေပြုဗဟိုဌာနတွင် လူငယ်များကျန်းမာကြံ့ခိုင်ပြီး ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နွေရာသီအားကစားသင်တန်းအဖြစ် ဖွင့်လှစ်ခဲ့သည့် အဆင့်မြင့်ဂျူဒိုသင်တန်းဆင်းပွဲကို ယမန်နေ့ညနေ(၃)နာရီက ကျင်းပခဲ့သည်။
လားရှိုမြို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ပေးအပ်
May 29,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မြို့တော်ခန်းမတွင် ယနေ့နံနက် ၁၁ နာရီအချိန်က ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။
ပေါက်တောမြို့၌ အောက်ဆီဂျင်စက်ရုံ(Oxygen Plant)ဖွင့်ပွဲ အခမ်းအနားပြုလုပ်
May 29,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်တိုက်ဖျက်ရေး အထောက်အကူပြုနှင့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးကော်မတီမှကြီးမှူး၍ အောက်ဆီဂျင်စက်ရုံ (Oxygen Plant) ဖွင့်ပွဲအခမ်းအနားကို လောကထိပ်ပန် ဘုရားကြီးကွင်းပြင်တွင် တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံနှင့် မြို့နယ်အားကစားခန်းမတွင် ယနေ့နံနက် (၈:၀၀)က ပြုလုပ်သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် တိုင်းဒေသကြီး ပညာရေးမှူးရုံး ကျောင်းအပ်နှံရေးသီတင်းပတ် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်
May 29,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံး ကျောင်းအပ်နှံရေး သီတင်းပတ် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေး လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့၌ပြုလုပ်သည့် ကျောင်းအပ်နှံရေး အခမ်းအနားတက်ရောက်
May 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရတနာတန်ဆောင်ခန်းမ၌ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်အောင်အောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ဆရာ ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး Booster (Astra  Zeneca) ကာကွယ်ဆေးထိုးရန် မကျန်ရှိစေရေး ဆက်လက်ထိုးနှံ
May 29,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ  ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန် ပြည်သူများအား  ကိုဗစ်-၁၉ ကာကွယ်ဆေး Booster( Astra Zeneca) ဆေးထိုနှံရန် မကျန်ရှိစေရေးအတွက် ယနေ့ နံနက် ၉ နာရီက ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားလမ်းရှိ အရိယာဓမ္မာရုံကြီးတွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် နွေရာသီအဆင့်မြင့် ရိုးရာခြင်းလုံးသင်တန်း ဖွင့်လှစ်
May 29,2022
“မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရမည်” ဟူသော ဆောင်ပုဒ်နှင့်အညီ မြန်မာတစ်မျိုးသားလုံး အမျိုးသားရေး စိတ်ဓာတ်ကို ယုံကြည်ခိုင်မြဲစွာဖြင့် တစ်မျိုးသားလုံး၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားကို စိတ်ပါဝင်စားလာစေရန်၊ နွေရာသီအားလပ်ရက်များတွင် ကျောင်းသူ၊ ကျောင်းသားများ အချိန်ကို အကျိုးရှိစွာအသုံးချတတ်လာစေရန်၊ မြို့နယ်အားကစားသင်တန်းများမှ မျိုးဆက်သစ်အား ကစား မောင်/မယ်များ ပေါ်ထွက်လာစေရန်၊ အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်ရာ အကောင်အထည်ဖော်ဆောင်ရွယ်ရန်
ကြာအင်းဆိပ်ကြီးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 29,2022
၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်လျက်ရှိရာ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ယနေ့နံနက် ၉ နာရီအချိန်က ကြာအင်းဆိပ်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း ပညာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်သည်။