ပေါက်တောမြို့၌ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်‌ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

ပေါက်တော မေ ၃၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေး‌နွေးပွဲကို ပေါက်တောမြို့ အခြေခံပညာ အထက်တန်းကျောင်း ရွှေဘန်းခန်းမတွင် ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းမှ အဖွင့် အမှာစကားပြောကြားခြင်း၊ မြို့နယ်ပညာရေးမှူး ဦးမောင်ဝင်းလှိုင်က အလုပ်ရုံဆွေးနွေးပွဲ ဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေးမှာကြားကြသည်။ ဆွေးနွေးပွဲသို့ ကျောင်းအုပ် ဆရာ/ဆရာမ ကြီး စုစုပေါင်း (၁၇၀) ဦး တက်ရောက်ကြပြီး၊ ဆွေးနွေးပွဲကာလမှာ မေလ (၂၉)ရက်နေ့နှင့်  (၃၀) ရက် (၂)ရက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်