မိုင်းခုတ်မြို့ပေါ်ရှိ အခြေခံပညာကျောင်း(၃)ကျောင်း သန့်ရှင်းသာယာလှပရေး စုပေါင်း ဆောင်ရွက်ပေး
May 30,2022
၂၀၂၂ ခုနှစ်၊ ဇွန် ၂ ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် တော့မည် ဖြစ်သည့်အတွက် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်နှလုံးအေးချမ်းစွာ ပညာသင်ကြားသင်ယူနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း (မိုင်းခုတ်)၊ အခြေခံပညာမူလတန်းကျောင်း(ဝမ် ကတ်)နှင့် အခြေခံပညာမူလတန်း ကျောင်း(ဟိုခန့်)တို့၌ ဇွန် ၂၈ ရက် နံနက် ၇ နာရီက သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။