မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌  မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

မဟာအောင်မြေ မေ ၃၀

မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးဘိုဘိုဟန်က မူး ယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးအသင်းဒုတိယဥက္ကဋ္ဌ ဦးအုန်းရွှေက မူးယစ်ဆေးဝါးဆိုတာ ဦးနှောက်နှင့်အာရုံ‌ကြောကိုထုံထိုင်းစေခြင်း၊ မူးယစ်စေခြင်း၊ ကိုယ်ခန္ဓာကို တစ်နည်းနည်းဖြင့်ဘေးအန္တရာယ်ဖြစ်စေခြင်း၊ သုံးစွဲသူအားဆေးဝါးအပေါ် စိတ်ရော ကိုယ်ပါစွဲလန်းမှုဖြစ်စေခြင်း၊ မသုံးစွဲဘဲမနေနိုင်အောင် ဖန်တီးထားတဲ့ဆေးဝါးများဖြစ်ကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသော ရပ်ကွက်နေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများမှာလည်း သိလိုသည်များမေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲကို စေတနာ့ဝန်ထမ်း (volunteer)အသင်းသူ/အသင်းသားများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း