ကြို့ပင်ကောက် မေ ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်၌ သစ်တောဦးစီးဌာနမှ ကြီးမှူး၍ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက၊ သစ်တောဦးစီးဌာန၊ ဘော်ဘင်ကြိုးဝိုင်း၊ အကွက်အမှတ် (၂၂) ရှိ ၁/၂၀၂၂ စီးပွားရေး(ကျွန်း) စိုက်ခင်း (၂၀၀) ဧက စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့နယ်၊ သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ဒေသရာသီဥမျှတ ကောင်းမွန်စေရန်အတွက် ကြို့ပင်ကောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ၊ ဦးကျော်မိုး (ဦးစီးအရာရှိ) ၊ ဦးဆောင်သော ဝန်ထမ်းများသည် ဘော်ဘင်ကြိုးဝိုင်း၊ အကွက်အမှတ် (၂၂) ရှိ၊ ၁/၂၀၂၂ စီးပွားရေး(ကျွန်း)စိုက်ခင်း (၂၀၀) ဧက စိုက်ပျိုးကြရာ ကျွန်း ၁၂၀ ပင်၊ ပျဉ်းကတိုး ၃၀ ပင်၊ စုစုပေါင်းပျိုးပင် ၁၅၀ ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဦးဝင်းထိန် ပြန်/ဆက်