တနင်္သာရီတိုင်းဒေသကြီးတွင် လူမှုကွန်ရက်နှင့် Digital  Media ဖန်တီးခြင်းဆိုင်ရာကျွမ်းကျင်မှုသင်တန်းဖွင့်လှစ်

ထားဝယ် မေ  ၃၀

တနင်္သာရီတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူမှုကွန်ရက်နှင့် Digital Media ဖန်တီးခြင်းဆိုင်ရာသင်တန်းကို zoom application ဖြင့် မေ ၂၇ ရက်နှင့် ၂၈ ရက်နေ့တွင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ကြင်ကြင်သန်က  သင်တန်းသား အမှုထမ်း၊ အရာထမ်းများအား ယနေ့အချိန်အခါတွင် New Media သည် မရှိမဖြစ်အရေးပါသော အခန်းကဏ္ဍတစ်ခုဖြစ်ပြီး အသက်မွေးဝမ်းကြောင်းလုပ်ငန်းများနှင့် သတင်းကွန်ရက် ချိတ်ဆက်မှုများတွင် အသုံးပြုလျက်ရှိသည်ကိုတွေ့ရကြောင်း၊ ယနေ့ခေတ်လူငယ်များသည် Social media များကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသည်ကိုတွေ့ရကြောင်း၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အသုံးပြုမှုများက မတူညီကြကြောင်း၊ အနောက်နိုင်ငံများတွင် twitter, instagramတို့ကို အသုံးများပြီး အရှေ့ပိုင်းမှာ facebook ကိုအသုံးများသည်ကိုတွေ့ရကြောင်း၊ မြန်မာ့နိုင်ငံတွင် facebook ကိုအလေးပေးအသုံးပြုခဲ့ကြပြီး ပညာရှင်များက အချိန်အကန့်အသတ်ဖြင့် social media ကိုအသုံးပြုကြရန် သတိပေးကြကြောင်း၊ social media များသည် ဆိုးကျိုးများရှိသလို တစ်ဖက်မှာလည်း အကျိုးကျေးဇူးများစွာရှိကြောင်း၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအနေဖြင့် ချင့်ချိန်၍ ကိုယ်ပိုင်အတွေးအခေါ်အသိဉာဏ်များဖြင့် စဉ်စားစေလိုကြောင်း ပြောကြားသည်။

ထိူ့နောက် ခရိုင်ဦးစီးမှူး ဒေါ်ခင်မာဖြူ က Digital Advertising Website နှင့် Development အကြောင်း၊ Gmail ပေးပို့ရာတွင် schadule ဖြင့် ပေးပို့ခြင်း၊ ပို့ထားသည့် mail cancel လုပ်ခြင်းနှင့် အသုံးပြုနိုင်သည့် setting များအကြောင်း၊ Telegram app တွင် Channel ထောင်ခြင်း၊ Pravicy များအကြောင်း၊ Folder create လုပ်ခြင်း၊ Reaction sign ဖန်တီးခြင်းအကြောင်းနှင့် New Media အသုံးပြုရာတွင် သတိထားရမည့်အချက်များကို အမှုထမ်း/အရာထမ်း (၃၈) ဦးအား ဆွေးနွေးပို့ချပေးခဲ့ကြောင်း သိရသည်။

ရွှေပင်လယ်(ထားဝယ်)