မူဆယ်မြို့၌ လျှပ်စစ်ရေနွေးအိုတည်ထားရာမှ အပူလွန်ကဲပြီးမီးလောင်မှုဖြစ်ပွား

မူဆယ် မေ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ လူမရှိပဲလျှပ်စစ်ရေနွေးအိုးတည်ထားခဲ့ရာမှ အပူလွန်ကဲပြီး ယမန့်နေ့ည (၂၀)နာရီ (၁၈) မိနစ်အချိန်ခန့်က ကောင်းမှုတုံရပ်ကွက်၊ မင်္ဂလာမူဆယ်လမ်းမကြီးဘေး (၂) ထပ် ဂိုဒေါင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။

အဆိုပါမီးလောင်မှုကြောင့်  မူဆယ်ခရိုင်မီးသတ်စခန်းမှ  မူဆယ်ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးနေဝင်းတိုး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်(၂၀)ဦး၊ အရန် တပ်ဖွဲ့ဝင် (၅၀)ဦးသည် မီးငြိမ်းသတ်ယာဉ်(၆)စီး၊ မီးသတ်ရေယာဉ်(၅)ဦး၊ အုပ်ချုပ်မှု ယာဉ်(၁)စီးတို့ဖြင့် ရေဂါလန်(၁၀၀၀၀)ခန့်ဖြင့် လာရောက်မီးငြှိမ်းသတ်ခဲ့ရာ (၂၀) နာရီ (၅၀) မိနစ်အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)