ဘူးသီးတောင်မြို့၌ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဘူးသီးတောင် မေ ၃၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် အတွင်းရှိ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းအုပ်ကြီးများ၏ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီနာရီခွဲ အချိန် က ဘူးသီးတောင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မေယုရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မောင်တောခရိုင်၊ ခရိုင်ပညာရေးမှူး ဦးညီထွေးမှ အဖွင့်အမှာစကား ပြောကြားပြီး ဘူးသီးတောင်မြို့နယ် ပညာရေးမှူး ဦးမောင်တင်အောင်မှ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းအုပ်ကြီးများ၏ ပညာရေးစီမံခန့်ခွဲမှု စွမ်း ဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသို့ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး(၁၅၀) ဦးတက်ရောက်ကြပြီး အလုပ်ရုံဆွေးပွဲကာလမှာ မေလ ၂၉ ရက်မှ ၃၀ ရက်နေ့ထိဖြစ်ကာ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ဆွေးနွေး သွားကြမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူး ဦးမောင်တင်အောင်မှ သိရသည်။

လှကျော်(ပြန်/ဆက်)