ပင်လုံမြို့ ရှိအခြေခံပညာစာသင်ကျောင်းများစတင်ဖွင့်လှစ်

ပင်လုံ ဇွန် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများအား ယမန်နေ့ နံနက်ပိုင်းမှစ၍ စတင်ဖွင့်လှစ်ကြောင်း သိရပါသည်။

ထိုသိုဖွင့်လှစ်ရာ ပင်လုံ​မြို့အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်စေရေးအတွက်  ကျောင်းတာဝန်ခံများမှ နွေးထွေးစွာကြိုဆိုပြီး စာသင်​ခန်းများသို့ လိုက်ပါပို့ဆောင်ပေးကြောင်း သိရသည်​။ ထို့နောက်တာဝန်ရှိသူများက ကျောင်းများသို့ လိုက်လံစစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)