တနိုင်း ဇွန် ၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဝန်ထမ်းမိသားစုများအား ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ဇွန်လ ၁ ရက် နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးအောင်စိုးက ထောက်ပံ့ပေးအပ်ရခြင်းနှင့်စပ်လျဥ်း၍အဖွင့် အမှာစကားပြောကြားပြီး တာဝန်ရှိသူများက မူကြိုအဆင့်၊ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် စုစုပေါင်း ဝန်ထမ်းသားသမီး(၂၈)ဦးအား ၂၀၂၂-၂၃ ပညာသင်နှစ်အတွက် ထောက်ပံ့ငွေများ၊ ဗလာစာအုပ်နှင့်စာရေးကိရိယာများ၊ ကျောင်း၀တ်စုံ (အဖြူ/အစိမ်း)နှင့် ၀န်ထမ်းများအတွက် မှတ်စုစာအုပ်များ စုစုပေါင်းတန်ဖိုးငွေ ကျပ် ၅၉၉၇၀ဝ/- ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မနောမြေ(တနိုင်း)