ကျောင်းကုန်း ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်ပြီဖြစ်ရာ ယနေ့နံနက်ပိုင်းက အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အတွင်းရေးမှူးယာယီရဲမှူး အောင်နိုင်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးနေဝင်းနောင်၊ အဖွဲ့ဝင်(၂)ဦးတင်မောင်၊ တို့က အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ က(ခွဲ) အောက်ပိုင်းနှင့်တို့တွင် ပညာသင်ကြားရန် လာရောက်ကြသော ကျောင်းသား/ကျောင်းသူများ အဆင်ပြေချောမွေ့စေရေး ကြည့်ရှုအားပေးခဲ့ကြသည်။
ကျောင်းကုန်းမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း(၁၁)ကျောင်း၊ အ.ထ.က(ခွဲ)(၁၄) ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း(၁၀)ကျောင်း၊ အ.လက(ခွဲ)(၁၃)ကျောင်း၊ မူလတန်းလွန် ကျောင်း(၁၇)ကျောင်း၊ မူလတန်းကျောင်း (၁၂၂)ကျောင်း၊ မ(ခွဲ)(၄)ကျောင်း၊ ဘက(၂)ကျောင်း၊ ကပက(၃)ကျောင်း၊ စုစုပေါင်း(၁၉၆)ကျောင်းစလုံး ပြန်လည်ဖွင့်လှစ်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)