တနင်္သာရီ ဇွန် ၃
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း ယမန်နေ့နံနက် ၉ နာရီမှစ၍ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီးဖြစ်ရာ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းနေ အရွယ်ကလေးများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရေး လမ်းညွှန်ချက်နှင့်အညီ ဇွန်လ ၂ ရက်နံနက် ၉ နာရီအချိန်မှစ၍ ဆေးထိုးစုရပ် (၃)ခုတွင် ကျန်းမာရေးဌာနဆရာ/မများက ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး(Sinopharm)အမျိုးအစားအားစတင်ထိုးနှံပေးကြကြောင်း သိရသည်။
ကာကွယ်ဆေးမထိုးနှံမီ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်သိုက်ထွန်းနှင့်ကျန်းမာရေးဌာန ဆရာမများက ကာကွယ်ဆေး၏ ကောင်း ကျိုးများ၊ ဆေးထိုးနှံပေးရခြင်း၏ရည်ရွယ်ချက်များ၊ ယုံကြည်စိတ်ချစွာဖြင့် အပြည့်အဝထိုးနှံပေးရေးအတွက် ကျောင်းသားမိဘများအားအသိပညာပေးဆွေးနွေးပေး၍ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးရန် သဘောတူကြောင်း လက်မှတ်ရယူပြီးမှ အပူချိန်တိုင်းတာပေးခြင်း၊ ဆေးထိုးနှံပေးခြင်းနှင့် ဆေးထိုးပြီးပါက မိနစ်(၃၀)အကြာ စောင့်ကြည့်ခြင်းများဖြင့် စနစ်တကျဆောင်ရွက်ပေးကြကြောင်း သိရသည်။
မြို့နယ်ပြည်သူ့ဆေးရုံ ဆရာဝန်ကြီး၏ ဦးဆောင်ကြီးကြပ်လျက်ကျန်းမာရေးဌာန ဆရာမများက အထက-တနင်္သာရီကျောင်း ဆေးထိုးစုရပ်တွင် အသက်(၅) နှစ်အထက် ကလေး(၁၇၀)ဦးနှင့် အထက-မော်တုန်း ဆေးထိုးစုရပ်တွင်(၈၀)ဦး၊ အထက(ခွဲ) မောတောင်ဆေးထိုးစုရပ်တွင်(၈၉)ဦး စုစုပေါင်း ဆေးထိုးစုရပ် (၃)ခုတွင်(၃၃၉)ဦး အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ထိုးနှံပေး ကြပြီး၊ ၎င်းကာကွယ်ဆေးကို ၂၀၂၀၂ ခုနှစ်၊ဇွန်လ(၂ရက်မှ၂၄ရက်)အထိ ဆေးထိုးစုရပ်များခွဲ ၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)