ရှင်ဗွေယန် ဇွန် ၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းများကို ယမန်နေ့ နံနက် ၉ နာရီမှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ရှင်ဗွေယန်မြို့တွင် အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း (၂)ကျောင်းတွင် မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၆၉၈)ဦး လာရောက်အပ်နှံပြီး ဇွန်လ (၂)ရက်နေ့ နံနက်ပိုင်းမှစ၍ အေးချမ်းပျော်ရွင်စွာ စတင်သင်ကြားလျက်ရှိသည်။
ရှင်ဗွေယန်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် သင်ကြားလျက်ရှိရာ ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသားမိဘများနှင့် ကျောင်းအကျိုးတော်ဆောင်များမှ ပူးပေါင်းကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ရှင်ဗွေယန်(ပြန်/ဆက်)