မအူပင် ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မအူပင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဆိုင်ရာ အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ နံနက် ၁၁ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က ပြည်သူများ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့နှင့် ပတ်သက်သည့် အကြောင်းသိကောင်းစရာများကို ရှင်းလင်းဆွေးနွေး အသိပညာပေးရန် ပြောကြားခဲ့ပြီး မအူပင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ၊ လုပ်ငန်းဆောင်ရွက်မှု၊ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် "Only One Earth'' တစ်ခုတည်းသော ကမ္ဘာမြေရဲ့ရည်ရွယ်ချက်၊ မြန်မာနိုင်ငံ၏ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ စတင်ကျင်းပခဲ့ပုံနှင့် မအူပင်ခရိုင်ရုံး၏ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ရွက်ထားရှိမှု အခြေများအား ဆွေးနွေးပြောကြားပြီး ပြည်သူများအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများမှာ စိတ်ပါဝင်စားမှုများ မြင့်မားလာပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင် ဆောင်ရွက်လိုစိတ်များ တိုးတက်လာစေရေး အသိပညာပေး မျှဝေဆွေးနွေးခဲ့ပြီး အသေးစိတ် ဆွေးနွေးချက်အား မအူပင်ခရိုင် ပြည့်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)