နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေးများပေးအပ်

နတ်မောက် ဇွန် 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သားသမီးများအား    ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဝန်ထမ်းသားသမီးများအား ပညာသင်​ထောက်ပံ့ကြေးပေးအပ်ခဲ့သည်။ ထိုသို့ပေးအပ်ရာတွင်မူလတန်း အဆင့်ကျောင်းသား/သူ (၁)ဦးလျှင် ဗလာစာအုပ်(၁)ဒါဇင်၊ ခဲတံ၊ရေဗူးနှင့် ပညာသင်ထောက်ပံ့ငွေ(၁၅၀၀၀/-) ကျပ်ဖြင့်လည်းကောင်း ၊ အလယ်တန်းအဆင့် ကျောင်းသား /သူ (၁) ဦးလျှင် ဗလာစာအုပ် (၁)ဒါဇင်၊ ဘောပင်နှင့် ပညာသင်ထောက်ပံ့ငွေ (၂၀၀၀၀/-)ကျပ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် ကျောင်းသား/သူ (၁)ဦးလျှင် ဗလာစာအုပ်(၁)ဒါဇင်၊ ဘောပင်နှင့်ပညာသင်ထောက်ပံ့ငွေ (၂၅၀၀၀/-)ကျပ်ဖြင့်လည်းကောင်း ထောက်ပံ့ကြေးများကို မိသားစုစည်းရုံးရေးနှင် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့က မူလတန်းမှ အထက်တန်းထိ ကျောင်းသား/သူ စုစု ပေါင်း (၂၇)ဦးတို့အား ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

လှဝင်း (ပြန်/ဆက်)