ကျောင်းအခြေပြု အသက်(၅)နှစ်မှ(၁၅)နှစ်အထိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

သရက် ဇွန် ၃

မကွေးတိုင်းဒေသကြီး သရက်မြို့တွင် ၂၀၂၂-ခုနှစ်ဇွန်လ (၂) ရက်နေ့မှ စတင်၍ အခြေခံပညာစာသင်ကျောင်းမျာ းဖွင့်လှစ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ကျောင်းများသို့ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးများ ပူးပေါင်း၍ အသက် (၅) နှစ်မှ (၁၅) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ကျောင်းများအရောက် လှည့်လည်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကျောင်းအခြေပြု ကိုဗစ်-၁၉  ကာကွယ်ဆေးများကို မြို့နယ်အတွင်း လှည့်လည်ထိုးနှံပေးလျက်ရှိရာ အခြေခံပညာအထက်တန်းကျောင် ထခွဲ-လ(၃) ကျောင်းတွင် အသက် (၅) နှစ်မှ (၁၅) နှစ် အထိကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးမှု အခြေအနေများအား ခရိုင်/မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ သရက်မြို့နယ်၌ ဇွန်လ (၁) ရက်နေ့တွင်  ကျောင်းသား၊ ကျောင်းသူ (၁၀၅၃) ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးနိုင်ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)