ကျိုက်လတ် ဇွန် ၃
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသောဆောင်ပုဒ်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ယမန်နေ့က စတင်ဖွင့်လှစ်သဖြင့် ကျောင်းသား/ကျောင်းသူများအေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖွင့်လှစ်သင်ကြားနေခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်ဆောင်ရွက်ပေးခဲ့ကြသည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျိုက်လတ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖြစ်သည့် အ.ထ.က (၁၇)ကျောင်း၊ အ.ထ.က (ခွဲ)(၁၀) ကျောင်း၊ အ.လ.က (၁၁)ကျောင်း၊ အ.လ.က(ခွဲ)(၁၇)ကျောင်း၊ အမက(လွန်)(၂၉)ကျောင်း၊ အ.မ.က (၁၁၄) ကျောင်း၊ စုစုပေါင်း(၁၉၈)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၆)ကျောင်း၊ စုစုပေါင်း (၂၀၄) ကျောင်းတို့၌ တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းမှာ (၃၁၄၄၈)ဦးရှိသဖြင့် ၉၈.၃၁% ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ ဒေါ်ရီရီမြင့်
ကျိုက်လတ်(ပြန်/ဆက်)