ပန်းဘဲတန်းမြို့နယ် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jun 07,2022
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံကြပါစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ အ.ထ.က(၁)ကျောင်း၊ ဧကရီခန်းမ၌ ယနေ့နံနက် ၉:၃၀ နာရီအချိန်မှစ၍ အသက် ၅နှစ်မှ ၁၁နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ကိုလည်းကောင်း အသက် ၁၂နှစ်မှ ၁၅နှစ်အထိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Myancopharm ကိုလည်းကောင်း ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။