ရေတာရှည် ဇွန် ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ဒေသတွင်းစားသုံးဆီဖူလုံရေးနှင့် ဆီထွက်သီးနှံတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဆီထွက်သီးနှံများဖြစ်သည့် နေကြာ၊ နှမ်း ၊ မြေပဲ စိုက်ပျိုးထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု၍ အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည်များကို တောင်သူများနှင့် ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီအတွင်း ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ ၃၉၂၈ ဧက၊ နှမ်း ၅၉၃၁ ဧက၊ နေကြာ ၇၀ ဧကစိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုလက်ရှိ အခြေအနေတွင် မြေပဲ ၁၀၂၉ ဧက၊ နှမ်း ၃၂၉၇ ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး နေကြာသီးနှံစိုက်ပျိုးမှုမှာ လျာထားချက်ထက် ကျော်လွန်၍ ၉၁ ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရေတာရှည် (ပြန်/ဆက်)