လှိုင်းဘွဲမြို့(ဂ)ရပ်ကွက် ပေါ်ဆန်းမွှေးလမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

လှိုင်းဘွဲ ဇွန် ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်သာယာလှပရေး၊ ကုန်စည်စီးဆင်းမှုအဆင်ပြေချောမွေ့စေရေးအတွက်လမ်းခင်းခြင်း၊အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းတို့ကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိရာ လှိုင်းဘွဲမြို့()ရပ်ကွက်၊ ပေါ်ဆန်းမွှေးလမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ (၂၇.၇၄၀)ကျပ်သန်းဖြင့် ကွန်ကရစ်လမ်းအရှည်(၄၅၀)ပေ၊ အကျယ်(၁၈)ပေ၊ အထူ(၆)ပေနှင့် ကွန်ကရစ်လမ်းအရှည် (၁၀၀)ပေ၊ အကျယ် (၁၄)ပေ၊ အထူ(၆)ပေ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို မေလနောက်ဆုံးအပတ်မှ စတင်ကာ ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

စောဒိ( ပြန်/ဆက်)