ပိုင်ကျုံ ဇွန်လ ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ပထမ (၃) လပတ်တွင် ကရင်ပြည်နယ်၊ အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ် (၉.၄၁၀) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ အောင်သိဒ္ဓိလမ်းတွင် ကွန်ကရစ်လမ်းလုပ်ငန်း ဆဆောင်ရွက်ခြင်း လုပ်ငန်းကို ဇွန်လ ၁ ရက်နေ့မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၇ ရက်နေ့ရက်နေ့တွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းသည် အရှည်(၂၈၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု (၆) လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို သတ်မှတ် အချိန်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်း အင်ဂျင်နီယာ-၂ ဒေါ်ခိုင်ဇင်ဖူးမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လမ်းခင်းခြင်းလုပ်ငန်းများပြီးစီးပြီဖြစ်ပါ၍ မြို့သာယာလှပပြီး အများပြည်သူများ၏ လူနေမှုဘဝနှင့်သွားရေးလာရေး အတွက် အဆင်ပြေလွယ်ကူစေပြီး ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေလာပြီးဖြစ်ကြောင်း သိရှိရပါသည်။
နော်ခူး (ပြန်/ဆက်)