သက်ကြီးဘိုးဘွား(၂၅)ဦးအား အိမ်တိုင်ရာအရောက် လူမူရေးပင်စင်ထောက်ပံ့ပေးအပ်
Jun 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် နိုင်ငံတော်အစိုးရသည် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးတိုးတက်စေရန်နှင့် သက်ကြီးရွယ်အိုများ၏ ဝင်ငွေလုံခြုံမှုကို မြှင့်တင်ရန်ရည်ရွယ်၍ နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော လူမူရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့က မြို့ပေါ်(၁၁)ရပ်ကွက်ရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၂၅)ဦးတို့အား အိမ်တိုင်ရာအရောက် သွားရောက်ထောက်ပံ့ပေးခဲ့သည်။