အုတ်တွင်း ဇွန် ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့ နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြသည့် အခြေခံပညာကျောင်းများ၌ မူလတန်းအဆင့် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား၊ကျောင်း သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ကြက်သွန်ခင်း ၂ တွင် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း အုတ်တွင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက် သင်ကြားလျက်ရှိ သောမူလတန်းအဆင့် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များထိုးနှံပေးရန် အဖွဲ့ ၂၀ ဖြင့် ဖွဲ့စည်းဆောင်ရွက်ပေးပြီး အုတ်တွင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆေးထိုးစုရပ်အလိုက် ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေး ခြင်းကိုမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်းနှင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက ကာကွယ်ဆေးထိုး နှံရန်လာရောက်ကြသည့် ကျောင်းသား/ ကျောင်းသူများအား လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ စာရင်းမှတ်တမ်း ရေးသွင်းခြင်း၊ စာရင်းကောက်ယူခြင်းများ ဆောင်ရွက်ပေးကြောင်းသိရသည်။
ခင်ခင်မာ(ပြန်/ဆက်)