သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဘဏ္ဍာရေးနှစ်အလိုက် ကောက်ခံနေသည့် အခွန်အရပ်ရပ် ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 07,2022
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဘဏ္ဍာရေးနှစ်အလိုက် ကောက်ခံရန်ကျန်ရှိသည့် ကြွေးကျန်များနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကောက်ခံရမည့် အခွန်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ခန္တီးခရိုင်၊ ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက် ကြသည်။
နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 07,2022
နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၏ (၁/၂၀၂၂)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
လဲချားမြို့နယ် အ​-ထ-က(ခွဲ)(နောင်မိန်း) ကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jun 07,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာအထက်တန်း ကျောင်းခွဲ (နောင်မိန်း)ကျောင်းတွင် မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေးဟောပြောပွဲကို  ယနေ့ မွန်းလွဲ (၁)နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။
ချောက်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး၊ ဘွားများအတွက် ထောက်ပံ့ငွေပေးအပ်
Jun 07,2022
မ​ကွေးတိုင်းဒေသကြီး၊​ ချောက်ခရိုင်၊ ​ချောက်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊​ (ဧပြီ၊ ​မေ၊ ဇွန်)လအတွက်အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မှစတင်၍ ချောက်မြို့နယ်အတွင်းရှိ သက်ကြီးဘိုး၊ ဘွား (၁၀၃၈)ဦးထံသို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ရာ ယ​နေ့တွင် ထောက်ပံ့​ငွေ​အားလုံးပေးအပ်ပြီး ဖြစ်ကြောင်း သိရသည်။
ပင်လုံမြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Jun 07,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းမှစ၍ အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား Myancopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကွင်းဆင်းဆောင်ရွက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်​။
မိုင်းဆတ်မြို့၌ လူမှုရေးရာအသိပညာပေးသင်တန်းဖွင့်လှစ်
Jun 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ လူမှုရေးရာအသိပညာပေးသင်တန်းကို ယနေ့နံနက်(၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
မော်လမြိုင်ခရိုင်အတွင်းရှိ တောင်သူများအား အရည်အသွေးမြင့် ရော်ဘာပျိုးပင်သုံးသောင်း ပေးအပ်ပွဲ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်
Jun 07,2022
မွန်ပြည်နယ်အတွင်း ရော်ဘာပင်အို ခုတ်လှဲခွင့်ရတောင်သူများသို့ Rubber Wood ကုမ္ပဏီ များမှ ရော်ဘာပျိုးပင်များပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မုဒုံမြို့ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ ရော်ဘာပျိုးခင်း၌ ပြုလုပ်သည်။
သိန္နီမြို့၌ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများနှင့်တားမြစ်ဆေးဝါးများ ဈေးကွက်အတွင်းရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်း ဆောင်ရွက်
Jun 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့၌ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ၊ မှတ်ပုံတင်ဖျက်သိမ်းသောဆေးဝါးများ၊ ဓါတုပစ္စည်းများ ရောနှောထားသောဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချခြင်း ရှိ/မရှိစစ်ဆေးခြင်းကို ယနေ့နံနက်(၈:၀၀)နာရီအချိန်က ကျန်းမာရေးဝန်ကြီးဌာန၊ မြို့နယ်တိုင်းရင်း ဆေးပညာဦးစီးဌာနက ဦးဆောင်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက သိန္နီမြို့မြို့မဈေးကြီးအတွင်းရှိ ဆေးဆိုင်များနှင့် သိန္နီမြို့အတွင်းရှိ ဆေးဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့သည်။