ပန်းဘဲတန်းမြို့နယ် အ​ခြေခံပညာ​ကျောင်းများရှိ ​ကျောင်းသား၊​ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေးထိုးနှံ​ပေး

ပန်းဘဲတန်း ဇွန် ၇

“ကျောင်း​နေအရွယ်က​လေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်​ရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေး ထိုးနှံကြပါစို့” ဆိုသည့် ​ဆောင်ပုဒ်နှင့်အညီ ​ကျောင်းသား၊​ ကျောင်းသူများအား ကိုဗစ် -၁၉ရောဂါ ကာကွယ်​ဆေးများ ထိုးနှံ​ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ အ.ထ.က(၁)​ကျောင်း၊  ဧကရီခန်းမ၌ ယ​နေ့နံနက် ၉:၃၀ နာရီအချိန်မှစ၍ အသက် ၅နှစ်မှ ၁၁နှစ်အထိ ​ကျောင်းသား၊​ ကျောင်းသူများအား ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေး Sinopharm ကိုလည်း​ကောင်း အသက် ၁၂နှစ်မှ ၁၅နှစ်အထိ ​ကျောင်းသား​ကျောင်းသူများအား ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေး Myancopharm ကိုလည်း​ကောင်း ပထမအကြိမ် ထိုးနှံ​ပေးလျက်ရှိ​ကြောင်း သိရသည်။

ထိုသို့ ကာကွယ်​ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲနှင့် မြို့နယ်ကျန်းမာ​ရေး ဦးစီးဌာနတို့ပူးပေါင်း၍ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ အ​ခြေခံပညာ​ကျောင်း (၈)​ကျောင်းရှိ ကျောင်းသားကျောင်းသူ​များအား ကာကွယ်ဆေး ထိုးနှံ​ပေးသွားမှာဖြစ်ပြီး ကာကွယ်​ဆေးမထိုးမီ ​ကျန်းမာ​ရေးစစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကို မိဘအုပ်ထိန်းသူများမှ သ​ဘောတူ လက်မှတ်​ရေးထိုးခြင်း၊ မှတ်တမ်း​ရေးသွင်းခြင်း၊ စိုးရိမ်ရသည့်​ ရောဂါလက္ခဏာရှိမရှိ ​မေးမြန်းခြင်း စသည်တို့​ ဆောင်ရွက်ပြီးမှသာ ကိုဗစ်-၁၉ ကာကွယ်​ဆေးများကို ထိုးနှံ​ပေးခဲ့သည်။

အဆိုပါ ကာကွယ်​ဆေးထိုးနှံ​ပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာရဲနှင့် တာဝန်ရှိသူများက ကြည့်ရှုအား​ပေး စကား​ပြောကြားခဲ့ပြီး ကျန်ရှိသည့် အ​ခြေခံပညာကျောင်းများမှ ​ကျောင်းသားကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံ​ပေးသွားမည်ဖြစ်​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)