သတင်းများ

သရက်ချောင်းမြို့နယ်ရှိ အသက်(၅)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ (၁၀၀၅)ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်
Jun 09,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများအားလုံး ကျန်းမာပျော်ရွှင်စွာပညာသင်ယူနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ်အဖြစ် ဇွန်လ ၃ ရက်နေ့မှစတင်၍ ဆေးထိုးစုရပ်(၂)ခုတွင် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
မယ်စဲ့မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်
Jun 09,2022
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ယူနေသော ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းကို
မြစ်သားမြို့တွင် လက်ထောက်မူလတန်းပြဆရာ၊ဆရာမများအား မွမ်းမံသင်တန်းဖွင့်လှစ်သင်ကြားပို့ချ
Jun 09,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အခြေခံပညာဦးစီးဌာန၊ လက်ထောက် မူလတန်းပြဆရာ၊ဆရာမများအား လုပ်ငန်းခွင်အကြိုမွမ်းမံသင်တန်းကို ဇွန်လ(၄)ရက်နေ့မှစတင်၍ အထက(မြစ်သား) ရှိရန်ကြီး‌အောင်အဆောင်တွင် သင်ကြားပို့ချလျက်ရှိကြောင်းသိရသည်။
လေးမျက်နှာမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် MCCT သင်တန်း ဖွင့်လှစ်
Jun 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်း၌ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် MCCT သင်တန်းဖွင့်လှစ်ခဲ့သည်။
နွားထိုးကြီးမြို့ အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ပထမအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံ
Jun 09,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့ အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်း သား၊ကျောင်းသူများအား ယနေ့ နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာကျောင်းတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချသူများ ပုံမှန်အရောင်းအဝယ်ဖြစ်
Jun 09,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တွင် မိသားစုတစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချလျက်ရှိသည့်   ကွန်ကရစ်ပစ္စည်းများမှာ  ပုံမှန်အရောင်းအဝယ်ရှိကြောင်း၊ ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချသူများထံမှ သိရှိရသည်။
ကျိုက်ဒုံမြို့တွင် မိသားစုအပိုဝင်ငွေရရှိစေရေးအတွက် တစ်ပိုင်တစ်နိုင် ဝဥများစတင်စိုက်ပျိုး
Jun 09,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ကျေးရွာများတွင် ယခုနှစ်မိုးဦးကာလမှာ ဝဥများကို မိသားစုအပိုဝင်ငွေရရှိစေရေးအတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
တောင်သာမြို့နယ်ရှိ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်စတင်ထိုးနှံ
Jun 09,2022
တောင်သာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းဖွင့်ချိန်တွင် ကျောင်းနေအရွယ်ကလေးများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကင်းဝေး၍ပညာသင်ကြားနိုင်ရေးအတွက် ယနေ့နံနက်(၉)နာရီအချိန်၌ အခြေခံပညာမူလတန်းကျောင်းများတွင် ဇွန်လ(၂)ရက်နေ့မှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။