မယ်စဲ့မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်

မယ်စဲ့ ဇွန် ၉

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ယူနေသော ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်သန်းက နိုင်ငံတော်နှင့်ပြည်သူတို့၏ အနာဂတ်ဘဝ မြင့်မားတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ရာတွင် ပညာရေးသည် အဓိကကျသော အရင်းအမြစ်ဖြစ်ကြောင်း၊ မိမိတို့၏သားသမီးများစဉ်ဆက်မပြတ် ပညာသင်ယူခွင့်မဆုံးရှုံးစေရေးအတွက် ပညာသင်စရိတ်များကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းနှင့် နိုင်ငံ၏အနာဂတ်တွင် လူ့စွမ်းအားအရင်းအမြစ်များကို ဖွံ့ဖြိုးတိုးတက်စေသော ပညာရေးကဏ္ဍကို မိဘများမှပူးပေါင်းပါဝင်ကာ မြှင့်တင်ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်သန်းနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်အဆင့်မှ မူလတန်းကြိုအဆင့်အထိ ပညာသင်ကြားနေသော ဝန်ထမ်းသားသမီး ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်ထောက်ပံ့ငွေများကိုပေးအပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ဇနီးက ထီးလက်ဆောင်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)