ကျိုက်ဒုံမြို့တွင် မိသားစုအပိုဝင်ငွေရရှိစေရေးအတွက် တစ်ပိုင်တစ်နိုင် ဝဥများစတင်စိုက်ပျိုး

ကျိုက်ဒုံ ဇွန် ၉

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ကျေးရွာများတွင် ယခုနှစ်မိုးဦးကာလမှာ ဝဥများကို မိသားစုအပိုဝင်ငွေရရှိစေရေးအတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

ဝဥများကို ကျိုက်ဒုံမြို့နယ်အတွင်းရှိ တောတောင်များတွင် သဘာဝအတိုင်း ရှင်သန်ပေါက်ရောက်လေ့ရှိပြီး ကျေးရွာနေတောင်သူများက ရှာ‌ဖွေတူးယူပြီး ပျိုးပင်များအား မိမိ၏လယ်ယာအိမ်ခြံဥယျာဉ်အတွင်း၌ စနစ်တကျ ပြန်လည်စိုက်ပျိုးလာကြပြီး နှစ်စဉ်ပုံမှန်ဝင်ငွေများ ရရှိနေကြသည်။

မြေဆီလွှာ မကောင်းမွန်သော စိုက်ပျိုမြေနေရာများတွင် ဘိလပ်မြေအိတ်အခွံလွတ်ကို အသုံးပြုပြီး မြေဆွေးနှင့် မြေဩဇာများ ထည့်သွင်းစိုက်ပျိုးပြီး ယခင်နှစ်က ကျိုက်ဒုံမြို့၌ ဝဥတစ်ပိဿာလျှင် ငွေ (၁၀၀၀) ကျပ်အထိသာ ရရှိခဲ့ပြီး ယခုလာမည့်နှစ်တွင် ဝဥများစျေးကောင်းရရှိရန် မျှော်လင့်ထားကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)