သတင်းများ

ခမောက်ကြီးမြို့ Quaratine Center မှ နေရပ်ပြန်ရွေ့ပြောင်းအလုပ်သမားများ၏ နှာခေါင်း၊ အာခေါင်တို့ဖတ်များရယူ
Jun 09,2022
ခမောက်ကြီးမြို့တွင် ယမန်နေ့က ရနောင်းမြို့မှ ရောက်ရှိလာသော နေရပ်ပြန်ရွေ့ပြောင်းအလုပ်သမား(၄၁)ဦးတို့၏ နှာခေါင်း၊ အာခေါင်တို့ဖတ်များရယူခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ ခန့်က ခမောက်ကြီးမြို့ Quaratine Center တွင်ဆောင်ရွက်ခဲ့သည်။
လှိုင်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား / သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး
Jun 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် ကျောင်းသား / သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား / သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ကို ယမန်နေ့က အမှတ် (၆) ရပ်ကွက်၊ အ.မ.က. ၆ ကျောင်း၊ အမှတ် (၇) ရပ်ကွက် အ.မ.က ၂၂ ကျောင်းနှင့် အမှတ် (၁၀) ရပ်ကွက် အ.မ.က ၃၀ ကျောင်းတို့တွင် ကိုဗစ်-​၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင်  Booster (Covid Shield)၊First dose နှင့် Second dose  (၄၁၅ )ဦးအား ထိုးနှံ
Jun 09,2022
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား Sinopharm (sinovac) ကာကွယ်ဆေ
သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Jun 09,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိစေ ရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book  Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ လူငယ်အညွန့်အဖူးလေးများ အတွက်စာအုပ်အား ယနေ့နံနက် (၁၀) နာရီ အချိန်က သံ‌တောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်  Community  Centre ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Jun 09,2022
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန် ၆ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ  ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် အမှာစကားပြောကြားသည်
သရက်ချောင်းမြို့တွင် မော်တော်ယာဉ်တစ်စီး မီးရှို့ဖျက်ဆီးခံရ
Jun 08,2022
သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာအုပ်စု၊ စော်ဖျားကျေးရွာတွင် ယနေ့မွန်းလွဲ ၁၂ နာရီခန့်က မော်တော်ယာဉ်တစ်စီး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
မလှိုင်မြို့နယ် ပြန်/ဆက်ရုံး၌ နံရံကပ်စာစောင် ၊ ဓာတ်ပုံနှင့် စာအုပ်ပြပွဲ ကျင်းပ
Jun 08,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ရွှေဝါမြေ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်ပြပွဲကို ယမန်နေ့က မြို့နယ်ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရမည်းသင်းမြို့၊ ရွှေပြည်သာရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခပ် လုပ်ငန်းများဆောင်ရွက်
Jun 08,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ရောဂါမျိုး သယ်ဆောင်သော ပိုးမွှားကောင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နင်းရေး အဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ညနေ ၄ နာရီက ရွှေပြည်သာရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခပ် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။