တောင်သာ ဇွန် ၉
တောင်သာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းဖွင့်ချိန်တွင် ကျောင်းနေအရွယ်ကလေးများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကင်းဝေး၍ပညာသင်ကြားနိုင်ရေးအတွက် ယနေ့နံနက်(၉)နာရီအချိန်၌ အခြေခံပညာမူလတန်းကျောင်းများတွင် ဇွန်လ(၂)ရက်နေ့မှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံပညာမူလတန်းကျောင်းများတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ်ထိုးနှံရန် စာရင်းရှိ (၂၀၇၇၉)ဦးရှိရာ ဇွန်လ (၉) ရက်နေ့တွင် (၁၆၉၉)ဦး ထိုးနှံပြီးစီးဖြစ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရစီမံကွပ်ကဲ၍ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့တို့ပူးပေါင်း၍ ဆေးထိုးနှံမည့် ကျောင်းသား/ ကျောင်းသူများအား အပူချိန်တိုင်းတာခြင်း၊ ဖျားနာခြင်းရှိ/ မရှိ၊ ကာကွယ်ဆေးများထိုးနှံထားခြင်းရှိ/မရှိအား ကျန်းမာရေးဝန်ထမ်းများမှ စနစ်တကျစစ်ဆေးပြီး ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တောင်သာမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်း (၁၄၁) ကျောင်းရှိ အသက် (၅) နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ဆက်လက်ထိုးနှံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျော်မျိုးနိုင်(တောင်သာ)