နွားထိုးကြီးမြို့ အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ပထမအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံ

နွားထိုးကြီး ဇွန်

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့ အခြေခံပညာကျောင်းများတွင် အသက်()နှစ်မှ(၁၂)နှစ်အထိ ကျောင်း သား၊ကျောင်းသူများအား ယနေ့ နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာကျောင်းတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ  ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက လာရောက်ကြည့်ရှု့ခဲ့ကြပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကျောင်းသား၊ကျောင်းသူများကို ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းများဆောင် ရွက်ပေးပြီး ကျန်းမာရေးကောင်းသူများအား မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ဖြင့် အသက်()နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ကျောင်းသူများ ကို ဇွန် () ရက်နေ့မှ ယနေ့အထိ(၂၆၈၆) ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) အား ကျန်းမာရေးဝန်ထမ်းများမှ စနစ်တကျထိုးနှံပေးလျက်ရှိပြီး ကျန်ရှိနေသော အခြေခံပညာကျောင်းများကို ဇွန်(၁၇) ရက်နေ့အထိ ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

သန်းအောင်ဇော်