ပုဇွန်တောင်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Jun 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက် (၁၂) နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးကောင်းမွန်ပြီး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်၊ အနာဂတ်ပညာရေး အခွင့်အလမ်းကောင်းများ ရရှိလာစေရန်၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်တားဆီးကာကွယ် နိုင်စေရန် ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။