မြစ်သားမြို့တွင် လက်ထောက်မူလတန်းပြဆရာ၊ဆရာမများအား မွမ်းမံသင်တန်းဖွင့်လှစ်သင်ကြားပို့ချ

မြစ်သား   ဇွန်  ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အခြေခံပညာဦးစီးဌာန၊ လက်ထောက်မူလတန်းပြဆရာ၊ဆရာမများအား လုပ်ငန်းခွင်အကြိုမွမ်းမံသင်တန်းကို ဇွန်လ(၄)ရက်နေ့မှစတင်၍ အထက(မြစ်သား) ရှိရန်ကြီး‌အောင်အဆောင်တွင် သင်ကြားပို့ချလျက်ရှိကြောင်းသိရသည်။

အဆိုပါ လက်ထောက်မူလတန်းပြဆရာ၊ ဆရာမများအား  မွမ်းမံသင်တန်းတွင် ဝန်ထမ်းကျင့်ဝတ်နှင့် ဝန်ထမ်းစည်းကမ်းများ၊နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်နည်းပဒေများ၊ ဆရာ့ကျင့်ဝတ်နှင့်ကိုယ်ကျင့်သိက္ခာ၊ ပညာရေး မူဝါဒများ၊ သင်ရိုးသစ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ မူလတန်းသင်ရိုးသစ်မိတ်ဆက် သင်ကြားခြင်း၊  သင်ကြားရေးဆိုင်ရာမှတ်တမ်းများ စနစ်တကျထားရှိခြင်း၊ သင်ယူမှုပတ်ဝန်းကျင်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာရေး ပြက္ခဒိန်ပါလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပညာရည်စစ်ဆေးတိုင်းတာခြင်း၊ တတ်မြောက်မှုစစ်ဆေးအကဲဖြတ်ခြင်းနှင့် စဉ်ဆက်မပြတ်ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ အသင်းအဖွဲ့များ၊ မိဘဆရာများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းစသည့် ဘာသာရပ်များကို ဒုတိယမြို့နယ် ပညာရေးမှူး ဦးကျော်ဟန်၊ အထက်တန်း/အလယ်တန်းကျောင်းအုပ် ဆရာကြီး၊ဆရာမကြီးများက သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

ထိုသို့သင်ကြားပို့ချရာ၌ လက်ထောက်မူလတန်းပြဆရာ၊ဆရာမများဖြစ်သည့် သင်တန်းသား(၂၂)ဦးက တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ ဇွန်လ(၄)ရက်နေ့မှ(၁၀)ရက်နေ့ထိ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဟန်ထံမှ သိရသည်။

သီတာအောင်(မြစ်သား)