ကျိုင်းတောင်းမြို့တွင်  Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းခြင်းများ ဆောင်ရွက်

ကျိုင်းတောင်း ဇွန် ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဌာနဆိုင်ရာရုံးများသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများရှိ စာဖတ်ပရိသတ်များအား အသိပညာဗဟုသုတတိုးပွားစေရေး၊ စာအုပ်စာပေများဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများ ပျောက်ပျက်မသွားစေရေး ရည်ရွယ်၍ သုတ၊ ရသစာအုပ်များ၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကို သွားရောက်ငှားရမ်းပေးခဲ့ကြသည်။ အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင်အသစ်များဖြင့် အပတ်စဉ် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)