ပင်လောင်း ဇွန် ၉
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် အသက် (၅)နှစ်မှအသက် (၁၂)နှစ်ထိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ဆေးကို ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်အသီးသီး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးသည့်လုပ်ငန်းများကို မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခင်သိန်းထွေး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ လူမှုရေးအဖွဲ့များပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော အသက် (၅)နှစ်မှ အသက်(၁၂)နှစ်ထိ ကျောင်းသား/ ကျောင်းသူများအား သတ်မှတ်ထားသည့် ဆေးထိုးရမည့် နေ့ရက်များနှင့် စုရပ်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးပထမအကြိမ်ဆေးထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်အသီးသီး၌ ယမန်နေ့အထိ ကာကွယ်ဆေး ပထမအကြိမ်ဆေးထိုးနှံပြီးသူ (၁၄၂၂၂)ဦးရှိပြီး၊ မြို့နယ်အတွင်းမှ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ယူနေသော အသက်(၅)နှစ်မှ အသက်(၁၂)နှစ်ထိ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား/ ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
ခွန်အာကာစိုး