တံတားဦးမြို့နယ်တွင် မြန်မာ့လယ်ယာ,ဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

တံတားဦး ဇွန် ၉

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ  စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍  မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရတ်ချေးငွေများကို သတ်မှတ်ကျေးရွာအုပ်စုများအလိုက် ယနေ့နံနက်ပိုင်းက အဆိုပါမြို့နယ်ဘဏ်၌ တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ယူကြသည့်တောင်သူများအား မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်နီလာအေးက စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေရခြင်း ဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး ချေးငွေထုတ်ချေးပေးခြင်းလုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးအတွက် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေများအား ထုတ်ချေးပေးရာတွင် ယနေ့၌ တံတားဦးမြို့နယ် သူငယ်တော် ကျေးရွာအုပ်စုအတွင်းရှိ တောင်သူပေါင်း (၅၉) ဦး၏ လယ်မြေမိုးစပါး (၈၃) ဧကအတွက် တစ်ဧကလျှင်ငွေကျပ် (၁၅၀,၀၀၀) ကျပ်၊ အခြားသီးနှံ (၁၇၇) ဧကအား တစ်ဧကလျှင် (၁၀၀,၀၀၀) နှုန်းဖြင့် စုစုပေါင်းငွေကျပ်သိန်း (၃၀,၁၅၀,၀၀၀) ကိုထုတ်ချေးပေးနိုင်ပါကြောင်း၊ တံတားဦးမြို့နယ် အနေဖြင့် ယနေ့အထိ ကျေးရွာအုပ်စုပေါင်း (၄)အုပ်စု၊ လူဦးရေပေါင်း(၁၈၀)ဦး၊ လယ်မြေစပါး (၁၅၀) ဧက၊ အခြားသီးနှံ (၈၇၄) ဧကနှင့် ထုတ်ချေးငွေကျပ်ပေါင်းသိန်း (၁၀၉,၉၀၀,၀၀၀) ကို ထုတ်ချေးပေး နိုင်ခဲ့ပါကြောင်း၊ ဒါ့အပြင် တံတားဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးပေးရန် လယ်မြေ (၇,၅၀၀) ဧကနှင့် အခြားသီးနှံ (၂၃,၇၅၀) ဧက လျာထားပါကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာထံမှ သိရသည်။

ရဲတင့်