သံဖြူဇရပ် မြို့နယ်၌ လက်ထောက် မူလတန်း ပြဆရာ/ဆရာမများအား လုပ်ငန်းခွင်အကြို ရက်တို မွမ်းမံသင်တန်းဆက်လက် ဖွင့်လှစ်ပို့ချ

သံဖြူဇရပ်  ဇွန်   ၉

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ထပ်တိုးခန့် အပ်ထားသည့်လက်ထောက် မူလတန်းပြဆရာ/ဆရာမများအားသင်ကြားရေးလုပ်ငန်းခွင်တွင် လုပ်ငန်းများဆောင်ရွက်ရာ၌ အဆင်ပြေစေရေးအတွက် လုပ်ငန်းခွင်အကြိုရက်တို မွမ်းမံသင်တန်းဖွင့်လှစ်ခြင်းကိုအမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ယနေ့တွင် ဆက်လက်ဖွင့်လှစ်ပို့ချ လျက်ရှိကြောင်း သိရသည်။        

အဆိုပါ မွမ်းမံသင်တန်းကို သံဖြူဇရပ် မြို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင် လုပ်ငန်းခွင်ဝင်ရောက်နိုင်ရေးအတွက် ဆရာ/ဆရာမ(၇၃) ဦးတို့အား မြို့နယ်ပညာ​ရေးမှူး ဒေါ်မြင့်အေးမှ  လုပ်ငန်းခွင်ဝင်ရောက်၍ ဆောင်ရွက်ရမည့် အခြေအနေများကိုရှင်းလင်း ပြောကြားသည်။

ဆက်လက်၍သင်တန်းနည်းပြဆရာ/ဆရာမ (၄)ဦးတို့က တစ်နေ့လျှင် ၆ ချိန်ဖြင့်သင်ကြားပို့ချရာ သင်တန်းကာလ ဇွန်  ၄ ရက်မှ ၁၀ ရက်နေ့​အထိ( ၇ )ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာ​ရေးမှူးရုံးမှ သိရသည်။

အေးအေးသီ(ပြန်/ဆက်)