ပလောက် ဇွန် ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ပလောက်မြို့ပေါ်ရပ်ကွက်ရှိ ဓာတ်ဆီဆိုင်များကို ပလောက်မြို့ မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ဇွန်လ ၉ ရက်နေ့နေ့လယ် ၂ နာရီက ကွင်းဆင်းကြီးကြပ်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့မီးသတ်ဦးစီးဌာန၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့ ၊ မြို့လျှပ်စစ်ဌာနနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍စစ်ဆေးရာတွင် မီးဘေးအန္တရာယ်လုံခြုံမှုအတွက်မီးသတ်ဆေးဗူးများ ၊ရေလှောင်ကန်များထား ရှိခြင်းရှိ/မရှိ၊ လျှပ်စစ်အန္တရာယ်များကင်းရှင်းမှုရှိ/မရှိ၊ ဓာတ်ဆီ၊ဒီဇယ်ဆီများဝယ်ယူ ရောင်းချရာတွင်စည်း ကမ်းသတ်မှတ်ချက်များနှင့်အညီ ရောင်းချနေမှုရှိ/မရှိနှင့် လိုင်စင်လျှောက်ထားဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြီးကြပ်စစ် ဆေး၍ အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)