သတင်းများ

မိုးမိတ်မြို့နယ်၌ ၂၀၂၁ မိုးရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများ ဆက်လက်ထုတ်ချေး
Jun 01,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို ယနေ့ နေ့လည် ၂ နာရီက ကိုဗစ်ရောဂါ ကာကွယ်ရေး စည်းကမ်းချက် များနှင့်အညီ ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများက ချေးငွေများ လာရောက် ထုတ်ယူလျက်ရှိကြောင်းသိရသည်။
ကျောက်မဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းများကို ယ‌နေ့ ဇွန်လ ၁ ရက်နေ့ နံနက်မှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ပြင်ဦးလွင်မြို့နယ်၌ စတင်ဖွင့်လှစ်
Jun 01,2021
ပညာရေးဝန်ကြီးဌာန၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်း သင်ယူမှု အခွင့်အရေးများ ရရှိပြီး ကျောင်းနေနှုန်း မြင့်မားလာစေရေး၊ ကျောင်းနေသည့် ကလေးတိုင်း အရည်အသွေးရှိသော အခြေခံပညာ သင်ယူခွင့်ရရှိရေးနှင့် ကျောင်းနေမြဲရေးတို့ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်၍ ယနေ့မှ စတင်ပြီး ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာ ကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိသည်။
ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများအားလုံး စတင် ဖွင့်လှစ်လျက်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းများကို ယနေ့နံနက် ၁၀ နာရီအချိန်က ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စတင်ဖွင့်လှစ် သင်ကြားပို့ချလျက်ရှိသည်။
ရွှေဘိုမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေ(VDP)ဖြင့် ရွာအတွင်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
Jun 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဘိုတဲကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေး စီမံ ကိန်းရန်ပုံငွေ(VDP)ဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့၊ နံနက်(၁၀)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ရွှေဘိုခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
၂၀၂၁ -၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ပြင်ဦးလွင်မြို့နယ်၌ စတင်ဖွင့်လှစ်
Jun 01,2021
ပညာရေးဝန်ကြီးဌာန ၊ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်းသင်ယူမှုအခွင့်အရေးများရရှိပြီး ကျောင်းနေနှုန်းမြင့်မားလာစေရေး ၊ ကျောင်းနေသည့်ကလေးတိုင်း အရည်အသွေးရှိသော အခြေခံပညာသင်ယူခွင့် ရရှိရေးနှင့် ကျောင်းနေမြဲရေးတို့ကို ထိရောက်စွာ
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်
Jun 01,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်၍ ယနေ့နံနက်ပိုင်းမှ စတင်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွန်း ချက်များနှင့်အညီ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
မိုင်းပျဉ်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်
Jun 01,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင် ကျောင်းများစတင်ဖွင့်လှစ်ရာ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများသည် ယနေ့နံနက် ၈နာရီမှစတင်၍ မိမိတို့အပ်နှံထားသော ကျောင်းများသို့ တက်ရောက် ပညာသင်ကြားနေကြကြောင်း သိရသည်။