မိုးမိတ်မြို့နယ်တွင်  အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ဆက်လက်ထိုးနှံပေး

မိုးမိတ် ဇွန် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ အခြေခံပညာကျောင်းများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထိုးနှံရာတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများက စာရင်းရေးသွင်းခြင်း၊ သွေးအတွင်းရှိ အောက်ဆီဂျင် ပမာဏတိုင်းတာပေးခြင်း၊ အစာစားထားခြင်းရှိ၊ မရှိနှင့်  မစားရသေးပါက ထိုးနှံပေးခြင်းမရှိဘဲ အစာရှိမှသာ ထိုးနှံနိုင်မည်ဖြစ်ကြောင်းနှင့်  ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကာ ဆေးတစ်လုံးလျှင် လူ (၅) ဦး ထိုးနှံနိုင်ပြီး  ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးခဲ့ကြကြောင်းသိရသည်။

မိုးမိတ်မြို့နယ်တွင် ယနေ့အထိ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူ (၁၀၀၂ ) ဦးအား ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 

စည်သူဌေး