နောင်ချိုမြို့နယ် အမှတ် -၁ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၈၆ ဦးအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး (Sinopharm) စတင်ထိုးနှံ

နောင်ချို ဇွန် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အမှတ်-၁အခြေခံပညာလယ်တန်းကျောင်းခွဲ၌ ကျောင်းနေအရွယ်ကလေးများ ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အသက်()နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၈၆ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ကို ယနေ့နံနက်() နာရီမှစ၍ ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့နယ် ကျန်းမာရေးဦးစီးဌာနအနေဖြင့် ဇွန်လ()ရက်နေ့မှစ၍ မြို့နယ်အတွင်းရှိ ကျောင်းများမှ  အသက်()နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့ဇွန်လ(၁၀)ရက်နေ့၌ အမှတ်-၁ အ​ခြေခံပညာအလယ်တန်းကျောင်း(ွဲ)တွင် ကျောင်းသား၊ ကျောင်းသူ (၁၈၆)ဦးကို ထိုးနှံပေးခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးနှံရာ၌ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြမည့် ကလေးသူငယ်ကျောင်းသား၊ ကျောင်းသူများအား ဆေးမထိုးနှံမီကိုယ်အပူချိန်တိုင်းခြင်း၊ လက်သန့်စင်စေခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်းစသည့်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြပြီး သက်ဆိုင်ရာဆေးထိုးအဖွဲ့များဖြစ်သည့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်အနေဖြင့် အသက် ()နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဆေးထိုးစုရပ်များဖြစ်သည့် အခြေခံပညာကျောင်းများသို့ ဆက်လက်ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသေရေးလုပ်ငန်းကော်မတီထံမှ သိရသည်။

ထွေးငယ်(ပြန်/ဆက်)