လဲချား ဇွန် ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်ထိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကွင်းဆင်းထိုးနှံပေးခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က အခြေခံပညာမူလတန်းကျောင်း နောင်ပန်ကျေးရွာတွင် ကွင်းဆင်းထိုးနှံပေးခဲ့သည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်(၅)နှစ်မှ အသက်(၁၂)ထိ ကျောင်းသား/ကျောင်းသူများအား ပညာသင်ကြားရာတွင် ကောင်းမွန်စွာသင်ကြားနိုင်စေရန် နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ကျန်းမာရေးဝန်ထမ်းများမှ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား/ကျောင်းသူများကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးကောင်းမွန်သူများကို မိဘအုပ်ထိန်းသူများ၏ ခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင် (လဲချား)