အင်းစိန်မြို့နယ်၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးရုံးသို့ ဗဟုသုတရရှိစေမည့် စာအုပ်များ ငှားရမ်းပေး

ရန်ကုန် ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ဌာနဆိုင်ရာရုံးများရှိ ဝန်ထမ်းများ စာပေမှရရှိသည့် ဗဟုသုတများ ရရှိစေရန်အတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့်    စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက် ပိုင်းခရိုင် (အင်းစိန်) ရုံးရှိ ဝန်ထမ်းများက အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်ရှိ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။

ရွေးလျားစာကြည့် တိုက်မော်တော်ယာဉ်ဖြင့်  စာအုပ်များ ငှားရမ်းပေးရာတွင် ယခင်ငှားရမ်း ပေးထားသော စာအုပ်များအား ပြန်လည် သိမ်းဆည်းပြီး အသစ်ပြန်လည် လဲလှယ်ငှားရမ်း ပေးခဲ့သည်။

ပြည်သူများနှင့် ဌာနဆိုင်ရာရုံးများရှိ ဝန်ထမ်းများ စာပေကို လက်ဝယ်အရောက် ဖတ်ရှုနိုင်​စေရန်၊ စာပေမှ ရရှိသည့် ဗဟုသုတများ ရရှိစေရန်၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်) ရုံးရှိ ဝန်ထမ်းများက ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် အင်းစိန်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များသို့ အလှည့်ကျသွားရောက် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)