မြို့သစ် ဇွန် ၁၀
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင် ဆရာကြီးများမှ၂၀၁၉ခုနှစ်၊ အမျိုးသားစာပေဆု (သုတ-သိပ္ပံ)ရရှိသည့် စာရေးဆရာ ဒေါက်တာလှကြည် (အာဟာရဆရာဝန်ကြီး)၏ “ ကင်ဆာရောဂါနှင့်မြန်မာ့အစားအစာ ” စာအုပ်တွင်ပါရှိသည့် ကင်ဆာရောဂါဆိုသည်မှာ၊ အစာစားသုံးခြင်းနှင့်နှီးနွယ်ဆက်စပ် ပတ်သက်နေသော ကင်ဆာရောဂါများ၊ ကင်ဆာဖြစ်သည့်အန္တရာယ်ကိုများစေနိုင်သော မြန်မာ့အစားအစာများ၊ ကင်ဆာရောဂါကာကွယ်ပေးနိုင်သောအစားအစာများ၊ ကင်ဆာရောဂါဝေဒနာရှင်များအတွက် အစားအသောက်စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် (Book Club)အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များက ကင်ဆာရောဂါနှင့်ပတ်သက်သည့် အကြောင်းအရာများကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရ သည်။
ဝင်းအိဇွန် ( ပြန်/ဆက်)