ပြည် ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ဆံတော်ရပ်ကွက် ကမ်းနားလမ်းတွင် ဇွန်လ ၈ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ကျိုးပိခဲ့၍ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သော လူနေအိမ်တစ်လုံးအတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော နေအိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် ၉၀၀၀၀/- နှင့် ယင်းနေအိမ်မှ မိသားစုဝင် (၇) ဦး အတွက် တစ်ဦးလျှင် ဆန်ရိက္ခာဖိုး ၂၁၀၀ ကျပ်နှုန်းစီဖြင့် ငွေကျပ် ၁၄၇၀၀ အပါအဝင် စုစုပေါင်းထောက်ပံ့ငွေ ကျပ် ၁၀၄၇၀၀ အား ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူများက လေဘေးသင့် အိမ်ထောင်စုဝင်များထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း အဆိုပါရုံးမှ သိရသည်။
ကိုဆက်(ပြန်/ဆက်)