လသာမြို့နယ်တွင် ကာကွယ်ဆေး မထိုးနှံရသေးသူ အသက် (၅) နှစ်မှ (၁၂) အထိ ကျောင်းသား / သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

လသာ ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်  လသာမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးမထိုးနှံရသေးသူ  အသက် (၅) နှစ်မှ (၁၂) အထိ ကျောင်းသား / သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က၊ အ.မ.က (၁) ကျောင်း၊ အ.လ.က (၁) ကျောင်း၊ အ.မ.က (၂) ကျောင်း အသီးသီး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသော အသက် (၅) နှစ်မှ (၁၂) အထိ ကျောင်းသား / သူများအား Sino Pham ဆေးတစ်လုံးလျှင်(၅)ဦးနှန်းဖြင့် သက်ဆိုင်ရာကျောင်းများ၌ ကျောင်းသား / သူ ဆေးထိုးနှံသူ စုစုပေါင်း(၁၆၁) ဦးအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပမာဏ တိုင်းတာခြင်းနှင့် ကာကွယ်ဆေး ထိုးမှတ်တမ်းတွင် စာရင်း ရေးသွင်းစေခြင်း၊ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကာကွယ်ဆေး ထိုးပြီးချိန်တွင်လည်း နာရီဝက်ခန့် စောင့်ကြည့်၍ လိုအပ် သည့်ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊   QR Code စနစ်ပါဝင်သည့် မှတ်တမ်းစာရွက်များပြုလုပ်နိုင်ရေး စာရင်းရေးသွင်းခြင်းနှင့်   QR Code စနစ်ပါဝင်သည့် မှတ်တမ်းစာရွက်များအား ပေးအပ်ခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အတွင်းရှိ ပရဟိတအသင်း အဖွဲ့ဝင်များက ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ နှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။

လသာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးနည်းလမ်းများအတိုင်း တိကျစွာ လိုက်နာနေထိုင်ရေး အသိပညာပေးနှိုးဆော်ခြင်း နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အကြိမ်ပြည့်ထိုးနှံနိုင်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများ ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နီနီအောင်