ဖားကန့်မြို့နယ် စုပေါင်းရုံးဝင်းနှင့် ဥရုချောင်းဆုံနေရာများတွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး ပွဲတော်ကျင်းပ

ဖားကန့် ဇွန် ၁၀

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် စုပေါင်းရုံးဝင်းအတွင်းနှင့် ဥရုချောင်း၊ မှော်ဝမ်းချောင်းဆုံအနီး နေရာများတွင် ယနေ့နံနက် ၈နာရီခွဲက မိုးရာသီစုပေါင်းသစ်ပင်များ စိုက်ပျိုးခဲ့ကြောင်း သိရသည်။ 

အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ် ပြန်/ဆက်ဦးစီးဌာနဝန်ထမ်းများ၊ သာသနာရေးဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းစိုက်ပျိုးခဲ့ကြပြီး ပျိုးပင်စုစုပေါင်း ၄၀၀ ကျော်အား စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။ 

ထိုသို့ စုပေါင်းစိုက်ပျိုးခဲ့သည့် ပျိုးပင်များမှာ ကျွန်း ၁၅၀ပင်၊ ပျဉ်းကတိုး ၁၅၀ပင်၊ မန်ဂျန်ရှား ၁၄၀ပင်၊ ချင်းဒညှင်း ၁၀ပင်နှင့် မအူ ၁၀ပင်  ပျိုးပင် စုစုပေါင်း ၄၆၀ ပင်တို့ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မိုးသန္တာဦး(ပြန်/ဆက်)