သတင်းများ

မုဒုံမြို့နယ်လုံးဆိုင်ရာ လေးထပ်သာသနာ့ဗိမာန်တော်ကြီး၏  ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဖွဲ့စည်း
Jun 21,2022
မွန်ပြည်နယ် မုဒုံမြို့နယ်လုံးဆိုင်ရာ လေးထပ်သာသနာ့ဗိမာန်တော်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် ယမန်နေ့က မြို့မ (၄)ရပ်ကွက်ရှိ က္ကုစ္ဆာသယ သာသနာ့ဗိမာန်တော်၌ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်း မိတ်ဆက်ခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်
Jun 21,2022
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် သမဝါယနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်စေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီး ဌာနမှ ကျေးရွာများဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်းကျေးရွာ(၁၂)ရွာ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းလှမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းပင်စင်လစာများထုတ်ပေး
Jun 21,2022
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာထုတ်ယူရာ၌ ကိုဗစ်-၁၉ ကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအနှင့်အညီ ယနေ့နံနက် ၇ နာရီမှစတင်ကာ စနစ်တကျထုတ်ပေးလျက်ရှိကြောင်းသိရသည်။
မိုင်းလုံမြို့တွင်  Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များကို  ဌာနဆိုင်ရာရုံးများ သွားရောက်ငှားရမ်းပေး
Jun 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ  စာပေဖတ်ရှုမှုအဆင်ပြေစေရန် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို
မလှိုင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် အသက် (၈၅) နှစ်နှင့်အထက် အဘိုး၊ အဘွားများအား အမျိုးသားလူမှုရေးပင်စင်ထောက်ပံ့ပေးအပ်
Jun 21,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီလ၊ မေလ၊ ဇွန်လ) အတွက် အသက် (၈၅) နှစ်နှင့်အထက် အဘိုး၊ အဘွားများအား ယမန်နေ့ နံနက် (၇) နာရီအချိန်မှစတင်၍ အမျိုးသားလူမှုရေးပင်စင်များ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ခဲ့ ကြောင်း သိရှိရသည်။
ပွင့်ဖြူမြို့နယ် လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Jun 21,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇွန် ၂၁ ရက်၊ ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာများ ဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေး
Jun 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ဒေသခံတောင်သူများ၏ လယ်မြေများတွင် သီးနှံအထွက်တိုးစေရန်နှင့် မိုးစပါးစိုက်ပျိုးမှုအတွက် ဘက်စုံအဆင့်မြင့်နည်းပညာ သုံးဘောင်ပျိုးစနစ်ပျိုးထောင်မှုနှင့် သိပ္ပံနည်းကျစိုက်နည်းစနစ် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးငြိမ်းထွန်းနှင့် ပြည်နယ် မြေ၊ မျိုး၊ ပိုးတာဝန်ခံများ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးမင်းသန်းတို့သည် ယနေ့နံနက် ၁၀ နာရီက မောက်မယ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ ရောက်ရှိပြီး စိုက်ပျိုးရေးဝန်ထမ်းများနှင့် ဒေသခံတောင်သူများတွေ့ဆုံ၍ မြို့နယ်ဦးစီးမှူးသက်နိုင်က စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာများ ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဦးစီးမှူးမှ လိုအပ်သည်များလမ်းညွှန်မှာကြား၍ ဒေသခံတောင်သူများအား မြေသြဇာ၊ ပိုးသတ်ဆေး၊ အစေ့ထုတ်ပြောင်းမျိုးနှင့် မြေသြဇာရောင်းချခွင့်လိုင်စင်များကို ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ပြည်နယ်တာဝန်ရှိသူများတို့က အသီးသီးပေးအပ်ခဲ့သည်။ 
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) ဆောင်ရွက်
Jun 21,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့နေ့လည်ပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show)ဆောင်ရွက်ခဲ့ကြောင်း သိရသည်။